ထမင်းစားစဉ် ရေခဲရေ မသောက်သင့်

ထမင်းစားစဉ် ရေခဲရေ မသောက်သင့်
====================

ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ၁၅ မိနစ်ခန့်အချိန်အတွင်း ရေခဲရေ၊ အလွန်အေးသောရေနှင့် အအေးမျိုးစုံတို့ကို မသောက်သုံးသင့်ကြောင်း နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ မကြာခဏ ဖတ်ရှုရပါတယ်။

ကျန်းမာရေးပါရဂူကြီးများ၏ လေ့လာတွေ့ရှိချက်များအရ ထမင်းစားစဉ် ရေခဲရေသောက်သော လူများနှင့် ရေနွေးသောက်သောသူများကို နှစ်ရှည်လများ လေ့လာဆန်းစစ်ကြည့်ရာ ရေနွေးကို သောက်သောသူများက ရေခဲရေသောက်သူများထက် အနာရောဂါပိုမိုကင်းရှင်းပြီး အသက်ကလည်း ပိုရှည်နေကြောင်း တွေ့ရှိရပါတယ်။

အစာစားနေစဉ် အအေးကို သောက်လိုက်ပါက မကြာခင်ကမှ စားထားသည့် အစာများကို အဆီအခဲအဖြစ်၊ အစိုင်အခဲအဖြစ် ပြောင်းလဲစေပြီး အာဟာရကို မဖြစ်စေပဲ ရောဂါကိုသာ ဖြစ်စေပါတယ်။ ၄င်းအဆီအခဲများဟာ အစာအိမ်၊ အူသိမ်အူမတို့ကို ထိခိုက်ပျက်စီးစေပြီး၊ အစာမကြေခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် အသက်ရှုကျပ်စေခြင်းတို့ကို ဖြစ်စေသည့်အပြင် ရေရှည်မှာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာရောဂါတို့ကိုလည်း ဖြစ်နိုင်ခြေပိုများစေပါတယ်။

ယခုဆိုလျှင် ကျန်းမာရေးအသိပညာပေးအလွန်မြင့်မားသည့်နိုင်ငံများမှာ (အထူးသဖြင့်) ဂျပန်နှင့် အမေရိကတို့လို နိုင်ငံတို့မှာ အစာမစားမီ စွပ်ပြုတ် တစ်ဇွန်းနှစ်ဇွန်းခန့်ကို အရင်သောက်ပေးဖို့နဲ့ အစာစားပြီးလျှင်လည်း ဟင်းရည်ပူပူ သို့မဟုတ် ရေနွေးကိုသာ သောက်သုံးကြသည့် အလေ့အထကို လေ့ကျင့်ကြဖို့ တိုက်တွန်းထားနေကြပါပြီ။

ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတို့ဟာ အသက်အရှည်ဆုံး နေထိုင်ကြရသည့် အကြောင်းရင်းတွေထဲမှာ ကျန်းမာရေးအသိပညာပေးများ မြင့်မားမှု ဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

ထို့ကြောင့် မိမ်ိတို့လည်း အနာရောဂါကင်းဝေးပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရန် ကျန်းမာရေးအသိပညာများကို လေ့လာလိုက်စားသင့်ပါတယ်။ အစာစားနေစဉ်နှင့် အစာစားပြီး ၁၅ မိနစ်အတွင်းမှာ အေးသည့်အရည်များကို ရှောင်ကြဉ်ကာ ပူနွေးသော အရည်များကိုသာ သောက်သုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒီ Post လေးကိုလည်း သင့်မိတ်ဆွေတို့အား Share ပေးခြင်းဖြင့် ကျန်းမာရေးအသိပညာများကို လှူဒါန်းပေးနိုင်ကြပါတယ်။

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

Crd to စောနွဲ့နေဆိုင် (ပူတာအို)

(Zawgyi)

ထမင္းစားစဥ္ ေရခဲေရ မေသာက္သင့္
====================

ထမင္းစားေနစဥ္ႏွင့္ ထမင္းစားၿပီး ၁၅ မိနစ္ခန့္အခ်ိန္အတြင္း ေရခဲေရ၊ အလြန္ေအးေသာေရႏွင့္ အေအးမ်ိဳးစုံတို႔ကို မေသာက္သုံးသင့္ေၾကာင္း နိုင္ငံတကာ က်န္းမာေရးစာမ်က္ႏွာမ်ားမွာ မၾကာခဏ ဖတ္ရႈရပါတယ္။

က်န္းမာေရးပါရဂူႀကီးမ်ား၏ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ထမင္းစားစဥ္ ေရခဲေရေသာက္ေသာ လူမ်ားႏွင့္ ေရေႏြးေသာက္ေသာသူမ်ားကို ႏွစ္ရွည္လမ်ား ေလ့လာဆန္းစစ္ၾကည့္ရာ ေရေႏြးကို ေသာက္ေသာသူမ်ားက ေရခဲေရေသာက္သူမ်ားထက္ အနာေရာဂါပိုမိုကင္းရွင္းၿပီး အသက္ကလည္း ပိုရွည္ေနေၾကာင္း ေတြ႕ရွိရပါတယ္။

အစာစားေနစဥ္ အေအးကို ေသာက္လိုက္ပါက မၾကာခင္ကမွ စားထားသည့္ အစာမ်ားကို အဆီအခဲအျဖစ္၊ အစိုင္အခဲအျဖစ္ ေျပာင္းလဲေစၿပီး အာဟာရကို မျဖစ္ေစပဲ ေရာဂါကိုသာ ျဖစ္ေစပါတယ္။ ၄င္းအဆီအခဲမ်ားဟာ အစာအိမ္၊ အူသိမ္အူမတို႔ကို ထိခိုက္ပ်က္စီးေစၿပီး၊ အစာမေၾကျခင္း၊ ဗိုက္ေအာင့္ဗိုက္နာျခင္း၊ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ႐ုတ္တရက္ အသက္ရႈက်ပ္ေစျခင္းတို႔ကို ျဖစ္ေစသည့္အျပင္ ေရရွည္မွာ အစာအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာေရာဂါတို႔ကိုလည္း ျဖစ္နိုင္ေျခပိုမ်ားေစပါတယ္။

ယခုဆိုလွ်င္ က်န္းမာေရးအသိပညာေပးအလြန္ျမင့္မားသည့္နိုင္ငံမ်ားမွာ (အထူးသျဖင့္) ဂ်ပန္ႏွင့္ အေမရိကတို႔လို နိုင္ငံတို႔မွာ အစာမစားမီ စြပ္ျပဳတ္ တစ္ဇြန္းႏွစ္ဇြန္းခန့္ကို အရင္ေသာက္ေပးဖို႔နဲ႕ အစာစားၿပီးလွ်င္လည္း ဟင္းရည္ပူပူ သို႔မဟုတ္ ေရေႏြးကိုသာ ေသာက္သုံးၾကသည့္ အေလ့အထကို ေလ့က်င့္ၾကဖို႔ တိုက္တြန္းထားေနၾကပါၿပီ။

ကမာၻေပၚမွာ ဂ်ပန္လူမ်ိဳးတို႔ဟာ အသက္အရွည္ဆုံး ေနထိုင္ၾကရသည့္ အေၾကာင္းရင္းေတြထဲမွာ က်န္းမာေရးအသိပညာေပးမ်ား ျမင့္မားမႈ ဟာလည္း တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ မိမ္ိတို႔လည္း အနာေရာဂါကင္းေဝးၿပီး သက္ရွည္က်န္းမာစြာ ေနထိုင္နိုင္ေစရန္ က်န္းမာေရးအသိပညာမ်ားကို ေလ့လာလိုက္စားသင့္ပါတယ္။ အစာစားေနစဥ္ႏွင့္ အစာစားၿပီး ၁၅ မိနစ္အတြင္းမွာ ေအးသည့္အရည္မ်ားကို ေရွာင္ၾကဥ္ကာ ပူေႏြးေသာ အရည္မ်ားကိုသာ ေသာက္သုံးၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

ဒီ Post ေလးကိုလည္း သင့္မိတ္ေဆြတို႔အား Share ေပးျခင္းျဖင့္ က်န္းမာေရးအသိပညာမ်ားကို လႉဒါန္းေပးနိုင္ၾကပါတယ္။

လူသားတိုင္း က်န္းမာစြာ အသက္ရွည္နိုင္ၾကပါေစ။

Crd to ေစာႏြဲ႕ေနဆိုင္ (ပူတာအို)


Leave a Reply

Your email address will not be published. Required fields are marked *

*