သင်္ကြန်ရုံးပိတ်ရက် နယ်ပြန်မည့်ခရီးသည်များအတွက် အဝေးပြေးယာဉ်လိုင်းအများစု ကားလက်မှတ်များ ရောင်းကုန်ပြီဟုဆို

သင်္ကြန်ရုံးပိတ်ရက် နယ်ပြန်မည့်ခရီးသည်များအတွက် အဝေးပြေးယာဉ်လိုင်းအများစု ကားလက်မှတ်များ ရောင်းကုန်ပြီဟုဆို

သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ရန်ကုန်မှနယ်ပြန်မည့်ခရီးသည်များ လက်မှတ်ဝယ်ယူမှုများပြားသောကြောင့် အဝေးပြေးယာဉ်လိုင်းအများစု၏ ကားလက်မှတ် များမှာရောင်းချ၍ ကုန်သွားပြီဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ယာဉ်လိုင်းများထံမှ သိရသည်။

အဆိုပါသင်္ကြန်ပိတ်ရက်တွင် ရန်ကုန်မှ မွန်ပြည်နယ်ခရီးစဉ်၊ ရန်ကုန်မှမန္တလေးခရီးစဉ်နှင့် ရန်ကုန်မှ နေပြည်တော်ပြန်မည့်ခရီးသည်များအတွက် ဧပြီ ၁ဝ ရက်နေ့မှ ဧပြီ ၁၂ ရက်နေ့အထိ ယာဉ်လိုင်းအများ အပြားတွင်ရောင်းချရန် လက်မှတ်များမှာကုန်သွားပြီဖြစ်ကြောင်း ယင်းခရီးစဉ်များရောင်းချသည့် ယာဉ်လိုင်းများထံမှ သိရသည်။

”သင်္ကြန်ပြန်မည့် မန္တလေး၊ မွန် ပြည်နယ်၊ နေပြည်တော်ခရီးစဉ်လက်မှတ်တွေက ဧပြီ ၁ဝ ရက်၊ ၁၁ ရက်၊ ၁၂ ရက်သုံးရက်လုံးကုန်သွားပါပြီ။ ဒီလ ၁ဝ ရက်နေ့ကတည်းက အောင်မင်္ဂလာအဝေး ပြေးဝင်းမှာ ရောင်းပေးနေ တာပါ။ ၇ ရက် နေ့ကနေ ၉ ရက်နေ့လက်မှတ်တော့ အနည်းငယ်ကျန်သေးတယ်။ ဈေးတော့ မတက်ပါဘူး”ဟု မန္တလာမင်းအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံတဦးက ဆိုသည်။

နှစ်သစ်ကူးရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁ဝ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်များအတွက် ယာဉ်လိုင်းအများအပြားတွင် ရောင်းချရန် လက်မှတ်ကုန်သွားသော်လည်း အချို့ဂိတ်များသည် ကြိုတင်လက်မှတ်မရောင်းသေးဘဲ ခရီးစဉ်အလိုက်ကို နေ့ရက်အလိုက်၊ ဦးရာလူစနစ်ဖြင့် လက် မှတ်ရောင်းမည့်အချိန်ကို ကြေညာထားသည်။

”မွန်ပြည်နယ်ခရီးစဉ်တွေအတွက် ဧပြီ ၁ဝ ရက်နေ့၊ ၁၁ ရက်နေ့၊ ၁၂ ရက် နေ့အတွက် ဧပြီ ၅ ရက်နေ့မှ အောင်မင်္ဂလာအဝေးပြေးဝင်းကဂိတ်မှာ ရောင်းချပေးပါ မယ်။ ဧပြီ ၇ ရက်နေ့အတွက်တော့ ကြို တင်ဝယ်ယူလို့ရပါတယ်”ဟု ရိုးရိုးလေးအဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးယာဉ် လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံတဦးက ပြောသည်။

ဧပြီ ၁ဝ ရက်နေ့၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့များအတွက် ရန်ကုန်- မန္တလေးခရီးစဉ်လက်မှတ်များနှင့် ရန်ကုန်-နေပြည်တော်လက်မှတ်များမှာ ကုန်သွားပြီ ဖြစ်ပြီး ဧပြီ ၆၊ ၇၊ ၈ ရက်များအတွက်သာ ရောင်းချရန် ကျန်ရှိတော့ကာ လက်မှတ်ဈေးနှုန်းများမှာ ယခင်နှုန်းထားအတိုင်း ရောင်းချပေးနေကြောင်း ရွှေမန္တလာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ လက်မှတ်အရောင်းတာဝန်ခံက ပြောကြားသည်။

သင်္ကြန်ကာလ နယ်ပြန်မည့်ခရီးသွားများအတွက် ကားလက်မှတ်အခက်အခဲဖြေရှင်းပေးနိုင်ရန် အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့၌ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ ရုံးခန်းဖွင့်ပေးထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားထားသည်။

ယင်းအဝေးပြေးကားလက်မှတ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူးဒေါက်တာမောင်အောင်က ”သင်္ကြန် ကားလက်မှတ်ကိစ္စနဲ့ပတ်သက်ပြီး အပေါ် ကိုတင်ထား တယ်။ အပေါ်ကအကြောင်းပြန်တာနဲ့ နယ်ပြန်မယ့်ကားလက်မှတ် ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာ ပါမယ်။ မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောပါမယ်”ဟု ဆိုသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလရောက်တိုင်း ရန်ကုန်မြို့မှနယ်အသီးသီးသို့ ပြန် ကြသည့်ခရီးသည်များပြားသဖြင့် ယာဉ်လက်မှတ်ဝယ်မရသောကြောင့် နယ်ပြန်ရန်အခက်ကြုံသည့် ခရီးသည်များစွာရှိပြီး ယခုကဲ့သို့ ဧပြီ ၁ဝ ရက်နေ့မှ ၁၂ ရက်နေ့ အထိရောင်းချရန် လက်မှတ်များကုန်သွားသောကြောင့် နယ်ပြန်ရန်အခက်အခဲဖြစ် နေကြောင်း ခရီးသည်များက ပြောကြားသည်။

”ကားလက်မှတ်က မော်လမြိုင်ပြန်မယ့် ဒီလအစကမေးတော့ ၂ဝ ကျော်မှဖုန်းဆက်ပါ။ အဲဒီတော့မှ ရောင်းပေးမယ် ပြောတယ်။ အခုကျဆက်တော့ ကားလက်မှတ်က ကုန်သွားပြီတဲ့။ တကယ်ကုန်လား၊ မကုန်လားဆိုတာကတော့ ကားလက်မှတ်ရောင်းတဲ့သူတွေ ပါးစပ်ထဲမှာပဲရှိတယ်။ အမျိုးမျိုးပြောနေကြတယ်။ အခုတော့ ဧပြီ ၆ ရက်နေ့ လက်မှတ်ပဲရတာလေးဝယ်လိုက်ရတယ်။ ခွင့်ယူရတဲ့အတွက် နစ်နာမှု တွေတော့ရှိပါတယ်”ဟု ကုမ္ပဏီဝန်ထမ်း ဖြစ်သူဒေါ်သူဇာလှိုင်က ဆိုသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်အခြေပြုအဝေးပြေးယာဉ်လိုင်းအချို့မှာ ကြိုတင်လက်မှတ်အရောင်းပြပြီး အမှန်တကယ်ရောင်းချခြင်းမရှိဘဲ လက်မှတ်မှောင်ခိုပြုလုပ်ပြီး ရောင်းချခြင်းများမရှိစေရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြည်သူများက ဝေဖန်ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် ကားလက်မှတ်ခများမှာ ၁၃ဝဝဝ ကျပ်မှ ၁၄ဝဝဝ ကျပ်ဖြင့် လည်းကောင်း၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်အတွက် ကားလက်မှတ်ခများမှာ ၇ဝဝဝ ကျပ်မှ ၈ဝဝဝ ကျပ်ဖြင့်လည်းကောင်း၊ ရန်ကုန်မှ မော်လမြိုင်ခရီးစဉ်အတွက် ကားလက်မှတ်ခများမှာ ၆ဝဝဝ ကျပ်မှ ၇ဝဝဝ ကျပ်ဖြင့်လည်းကောင်း ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

ယခုလက်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ယာဉ်လိုင်း ၁၁၈ လိုင်းမှ ယာဉ်စီးရေ ၉ဝဝ ကျော်ပြေး ဆွဲလျက်ရှိပြီး ဒဂုံဧရာအဝေးပြေးဝင်းတွင် ယာဉ်လိုင်း ၄၃ လိုင်းမှ ယာဉ်စီးရေ ၄၂၃ စီးပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

ရှိင်းဇေ

News Watch

 


Leave a Reply

Your email address will not be published. Required fields are marked *

*