သုတေသနစစ်တမ်းအရ ဧရာဝတီလင်းပိုင်​​ကောင်​​ရေ စုစုပေါင်း ၇၂​ကောင်​​ရှိဟုဆို

သုတေသနစစ်တမ်းအရ ဧရာဝတီလင်းပိုင်​​ကောင်​​ရေ စုစုပေါင်း ၇၂​ကောင်​​ရှိဟုဆို

====================
====================

ရန်​ကုန်​၊မတ်​ ၁၂

၂၀၁၉ခုနှစ်​၊​ဖေ​ဖော်​ဝါရီလမှာပြုလုပ်​တဲ့ ဧရာဝတီလင်းပိုင်ကောင်ရေသုတေသနစစ်တမ်းအရ ဧရာဝတီလင်းပိုင်​​ကောင်​​ရေစုစုပေါင်း ၇၂​ကောင်​​ရှိနေတယ်လို့သိရပါတယ်​။

အဆိုပါဧရာဝတီလင်းပိုင်ကောင်ရေသုတေသနစစ်တမ်းကိုငါးလုပ်ငန်းဦးစီးဌာနနှင့်သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ပူး​ပေါင်းပြုလုပ်​တာဖြစ်​ပြီး မန္တလေးက​နေ ကချင်​ပြည်​နယ်​ဗန်းမော်အထိစစ်​တမ်း​ကောက်​ယူခဲ့တာဖြစ်​ပါတယ်​။

ယင်း၁၀ရက်​တာသု​တေသနခရီးစဉ်​အတွင်း မန္တလေးနဲ့​ကျောက်မြောင်းကြားဧရိယာထဲမှာ၂၄ ကောင် ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာသစ်အဖြစ်တိုးချဲ့နိုင်ခဲ့တဲ့မလယ်မြို့နယ်နဲ့​ရွှေကူမြို့နယ်ဧရိယာကြားမှာ ၃၄​ကောင်၊ဗန်းမော်မှာ ၁၄​ကောင်စုစုပေါင်း၇၂​ကောင်​တွေ့ရှိခဲ့ပါတယ်​။

၂၀၁၉ ခုနှစ်ဧရာဝတီလင်းပိုင်​သုတေသနစစ်တမ်းဟာ ယခင်​နှစ်​ထက်​​လေး​ကောင်​​လျော့နည်းခဲ့ပြီး ယခုနှစ်​ဦးပိုင်းမှာဧရာဝတီလင်းပိုင်းတစ်​​ကောင်​​သေဆုံးခဲ့ပါတယ်​။

ဧရာဝတီလင်းပိုင်​ဟာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​မျိုးသုန်း​ပျောက်​ကွယ်​လုနီးမျိုးစိတ်​ဖြစ်​ပြီး လူ​တွေရဲ့အသိပညာနည်းပါးစွာငါးဖမ်းမှု​တွေ​ကြောင့်​ ၂၀၁၈ခုနှစ်​အတွင်းဧရာဝတီလင်းပိုင်​၆​ကောင်​​သေဆုံးခဲ့တယ်​လို့သားဌက်​ထိန်းသိမ်း​ရေးအဖွဲ့(WCS)ရဲ့ တာဝန်​ရှိသူတစ်​ဦးကရှင်းပြပါတယ်​။

သီဟ
Photo – WCS

==========


Leave a Reply

Your email address will not be published. Required fields are marked *

*