အမေရိကန်မှာ စံချိန်တင်အေးခဲမှုရာသီဥတုနဲ့ လူသန်းနဲ့ချီဟာ ရေခဲအမှတ်အအေးချိန်နဲ့ ရင်ဆိုင်နေရ

အမေရိကန်မှာ စံချိန်တင်အေးခဲမှုရာသီဥတုနဲ့ လူသန်းနဲ့ချီဟာ ရေခဲအမှတ်အအေးချိန်နဲ့ ရင်ဆိုင်နေရ

အမေရိကန်မှာ စံချိန်တင်အေးခဲမှုရာသီဥတုနဲ့ လူသန်းနဲ့ချီဟာ ရေခဲအမှတ်အအေးချိန်နဲ့ ရင်ဆိုင်နေရ

အမေရိကန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်းမှာ စံချိန်တင်အေးခဲရာသီဥတုနဲ့ ဆီးနှင်းခဲများကျ ဆင်းခြင်း ကြောင့် လူအနည်းဆုံး ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြောက်ဝင်ရိုးစွန်းရေခဲ အမှတ်လို အေးခဲလွန်းတဲ့ အအေးဒဏ်ကြောင့် မနေ့က ကြာသပတေးနေ့မှာဆိုရင် အမေရိကန် အနောက်အလယ်ပိုင်းနေထိုင်သူတွေမှာ ရေခဲအမှတ်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးခဲရာသီဥ တုနဲ့ နေခဲ့ရတယ်လို့ သိရကာ အမေရိကန်နိုင်ငံသား သန်းတစ်ရာနီးပါးဟာဆိုရင် စံချိန် တင်အေးခဲရာသီဥတုရဲ့ ဒုတိယနေ့ကို အဆိုးရွားဆုံးဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစတင်ပြီး ရေခဲအမှတ် အနှုတ် ၃၀ ဒီဂရီအောက် ရောက်ရှိလာခဲ့တဲ့ အအေးစံချိန်မှာ လူပေါင်း ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး အမေရိကန်တစ်လွှား ကျောင်း၊ အစိုးရရုံးအဆောက်အအုံ၊ ဌာနတွေ၊ အလုပ်တွေ ပိတ်ထားရပြီး နေအိမ်ပြင်ပသို့ မထွက်ကြရန် အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။ မီချီဂန်၊ မင်နီဆိုးတာပြည်နယ်တွေက သဘာဝပိုက် လိုင်းတွေကလည်း အေးခဲအပူချိန်အောက်မှာရှိနေကာ အပူဓာတ်၊ အနွေးဓာတ်ပေးနိုင်ဖို့ရာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

အေးခဲရာသီဥတုနဲ့ ဆီးနှင်းခဲများအလုံးအရင်းနဲ့ကျဆင်းမှုဟာဆိုရင် ဒက်ထရွိုက်စ်နဲ့ ကနေဒါနိုင်ငံ အချို့နေရာ တွေမှာ အဓိကဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ချီကာဂိုပြည်နယ်မှာလည်း မနက်ခင်း တစ်ပိုင်းအချိန်မှာတင် လေ ကြောင်းလိုင်းလေယာဉ်ပျံသန်းမှုပေါင်း ၁၆၀၀ ကျော်တို့ကို ရပ်ဆိုင်း ထားပါတယ်။ သုညအမှတ်အောက်ကို ကျော်လွန်ပြီး လူအေးခဲသေဆုံးစေနိုင်တဲ့ အနှုတ် ၃၅ ဒီဂရီရှိတဲ့ အအေးချိန်ဟာ ဖေဖော်ဝါရီလမှာတော့ အပူချိန် ပြန်လည်မြင့်တက်လာဖို့မျှော်လင့် ထားကြပါတယ်။ အပူချိန်တဖြည်းဖြည်းကျဆင်းလာပြီး လေထုပူနွေးမှုဟာလည်း ကျဆင်းလာ ခဲ့ကာ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသည့်အဆင့်နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်တယ်လို့ သိရပါတယ်။

Source:asiaone.com

Leave a Reply

Close Menu