Blog
  • ဘထ္ထရီမခံတော့သော၊ ခြင်ရိုက်လျှင် မသေတော့သော ခြင်ရိုက်တံများကို ကိုယ်တိုင် အလွယ်ပြုပြင်နည်း
    မိမိ ကိုယ်တိုင် ခြင်ရိုက်တံကို အလွယ်တကူ ပြုပြင်နည်းလေး ခြင်ရိုက်တံ ပျက်သွားတိုင်း မပစ်ကြပါနဲ့။ ပြင်လိုက်ရင် (၂)နှစ်ကနေ (၅) နှစ်အထိ သုံးလို့ရသွားပါတယ်။ ဆိုတော့ အောက်မှာပဲ ဆက်ကြည့် ရအောင်ပါ။
    လုပ်နည်း အဆင့်ဆင့် အဆင့်(၁) ခြင်ရိုက်တံ ၁၀၀ မှာ ၉၉ ကတော့ ဓာတ်ခဲ မအောင်တာ၊ မကောင်းတာ များပါတယ်။ ဆိုတော့ ဓာတ်ခဲက ( ဗို့အား 4 volt) ရှိပါတယ်။ နီးစပ်ရာ လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ရောင်းပါတယ်။ ကျွန်တော် အတွေ့အကြုံအရ အကောင်းဆုံးကတော့ panasonic 9v ထည့် လဲလိုက်ရင် (၂)နှစ်ကနေ (၅) နှစ်အထိ သုံးလို့ရပါတယ် ခင်ဗျာ။
    အဆင့်(၂) တချို့က ဓာတ်ခဲကြိုး လွတ်နေတတ်ပါတယ်။ ကြိုးလွတ်နေရင်တော့ ခဲတို့လိုက်ရင် ရပါပြီ။
  • အိမ်မက်ဆိုးမက်တာ ဘာကြောင့်လဲဆိုတာ အယူလွဲနေကြတဲ့အကြောင်း
    စိတ်ရှုပ်ထွေးရတဲ့ အိပ်မက်မျိုး မက်ပြီး မလန်းမဆန်းနဲ့ နိုးထလာရတဲ့ ရက်မျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ များသော အားဖြင့် အမြင့်ပေါ်က ပြုတ်ကျတာ၊ လေပေါ်ပျံနိုင်တာ၊ သွားတွေ ကျွတ်ထွက်ကုန်တာ၊ စာမေးပွဲ မဖြေနိုင်တာ၊ ချိန်းဆိုထားတဲ့ အချိန်နောက်ကျတာ၊ သူစိမ်း တစ်ယောက်က အနောက်က လိုက်လို့ အသည်း အသန်ပြေး ရတာ မျိုးက လူတိုင်းလိုလို မက်ကြတဲ့ အိပ်မက်မျိုးပါပဲ။ ဒီလိုအိပ်မက်တွေ မက်တဲ့အခါ တကယ့်အပြင်မှာ ခံစားနေရ သလိုမျိုး စိတ်မွန်းကြပ်၊ စိတ်ရှုပ်ထွေးပြီး နိုးထလာရင်လည်း စိတ်ကလန်းဆန်း တက်ကြွမှု မရှိတော့ဘဲ အိပ်မက်က ဘာရှေ့ပြေး နိမိတ်ဖြစ်နေမလဲဆိုပြီး စိတ်တွေ လေးလံ ထိုင်းမှိုင်းနေတတ်ပါတယ်။ အမှန်တကယ်တော့ အိပ်မက်တွေက သင့်ရဲ့ စိတ်က ဖန်တီးလိုက်တဲ့ အရာတွေပါ။ ဒါဆို ဘာလို့ ဒီလိုအိပ်မက်တွေ မကြာခဏ မက်နေရတာလဲ? ဆေးပညာရှင်များရဲ့ လေ့လာချက်တွေအရတော့ ဒီလို စိတ်ဂယောက်ဂယက်ဖြစ်စေတဲ့ အိပ်မက်တွေက သင့်ရဲ့ ကျန်းမာရေး ဆိုင်ရာပြဿနာများနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။
    အမြင့်တစ်နေရာကနေ အောက်ကို ရုတ်တရက်ဆိုသလို၊ ပြုတ်ကျသွားတဲ့အခါ လူတစ်ကိုယ်လုံး ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတဲ့ သူတွေလည်း ရှိသလို၊ အိပ်မက်ကနိုးမထနိုင်ဘဲ တကယ့်အပြင်မှာ ဖြစ်နေသလိုမျိုး ကြောက်ရွံ့ တုန်လှုပ်ကြတဲ့ သူတွေရှိပါတယ်။ ဒီလိုအမြင့်ပေါ်က ပြုတ်ကျတဲ့ အိပ်မက်ကို မက်ရတဲ့အကြောင်းအရင်းကတော့ သင်အစီအစဉ်ဆွဲထားတဲ့ ကိစ္စရပ်တွေက မျှော်လင့်ထားသလိုဖြစ်မလာတာ၊ စိုးရိမ်ပူပန်မှု များနေတာတွေကြောင့်ပါ။ အလုပ်နဲ့ပတ်သတ်တဲ့ ပရောဂျက်တွေ မနိုင်တော့တဲ့အခါ၊ ကျောင်းစာတွေကို မလိုက်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး မက်ရတဲ့ အိပ်မက်မျိုးပါပဲ။ ရှေးလူကြီးတွေကတော့ ဒီလိုအမြင့်က ပြုတ်ကျတဲ့ အိပ်မက် ကိုတော့ ကျရှုံးခြင်းရဲ့ ရှေ့ပြေးနိမိတ်အဖြစ် သတ်မှတ်ကြပါတယ်။
    အပြင်မှာ တခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်က ကိုယ့်နောက်ကို လိုက်နေလို့ ကြောက်လန့် တကြား ပြေးရတဲ့ အိပ်မက်မျိုး မက်ဖူးလား? နောက်ကနေ လိုက်နေလို့ ထွက်ပေါက်ကို ရှာမတွေ့ဘဲ အခန်းထဲမှာ ပြေးနေ ရတာမျိုးလည်း ရှိသလို၊ ကိုယ်မရောက်ဖူးတဲ့ နေရာတွေ၊ လမ်းတွေ ပေါ်မှာ ရှောင်ပြေးနေရတာမျိုးပေါ့။ ဒါဆိုရင်တော့ သင်ဟာ သင့်ပတ်ဝန်းကျင်က လူတွေနဲ့၊ သင့်ကို စိတ်ရှုပ်ထွေးစေတဲ့ ကိစ္စ၊ ပြဿနာတွေရဲ့ အဝေးကို ပြေးထွက် ချင်နေပြီး စိတ်ဖိစီးမှုကို ခံစားနေရသူပါ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းဖို့ အားလျော့နေတတ်တဲ့ အချိန်မျိုးမှာ ဒီလိုအိပ်မက်မျိုးကို မက်တတ်ပါတယ်။
    အကြောင်းမဲ့ သွားတွေအကုန် ကျွတ်ထွက်သွားပြီး သွားကျိုးတဲ့ အိပ်မက်ကလည်း တကယ့်ကို စိတ်ကသိကအောက် ဖြစ်ရတဲ့ အိပ်မက်မျိုးပါပဲ။ ဒီလိုအိပ်မက်မျိုးကို မကြာခဏ မက်နေတယ် ဆိုတာကတော့ သင်ဟာ ပတ်ဝန်းကျင်ရဲ့ အမြင်ကို ဂရုစိုက်လွန်းသူလို့ ဆိုရပါမယ်။ လူတွေရဲ့ အမြင်ကို အလေးထားလွန်းပြီး မိမိကိုယ်ကိုစိတ်ပျက်အားငယ်တဲ့ အချိန်တွေမှာဆိုရင် သွားတွေကျွတ်ထွက်တဲ့ အိပ်မက်မျိုး မက်တတ်ပါတယ်။ သွားကျိုးတဲ့ အိပ်မက်က ကိုယ့်ရဲ့ ဆွေမျိုးသားချင်း တစ်ယောက်ယောက်က အပြင်းအထန်ဖျားမယ်၊ ဒါမှမဟုတ် သေဆုံးမယ်လို့ ရှေးခေတ်ဂရိ လူမျိုး များ က အိပ်မက်နိမိတ်ဖတ် ခဲ့ကြပါတယ်။ တရုတ်လူမျိုးများရဲ့ အယူအရတော့ လျှို့ဝှက်ချက်များလွန်း တဲ့သူတွေ မက်လေ့မက်ထရှိတဲ့ အိပ်မက်မျိုးလို့ မှတ်ယူကြပါတယ်။
    အဝတ်ဗလာနဲ့ လူတွေရှေ့မှာ ရှက်ရွံ့နေရတဲ့ အိပ်မက်ကိုလည်း လူအများစု မက်ဖူးကြပါတယ်။ အများဝေဖန်တာကို ကြောက်ရွံ့နေတဲ့အခါ၊ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းနေတဲ့ အချိန်မျိုးမှာ ဒီလိုအိပ်မက်ကို မက်ရခြင်းပဲ ဖြစ်ပါတယ်။ စာမေးပွဲ မဖြေနိုင်တာ၊ စာမေးပွဲအချိန်နောက်ကျရတဲ့ အိပ်မက်မျိုးကို ကျောင်းသား၊ ကျောင်းသူ များသာမက အသက်အရွယ်မရွေး မက်နေတတ်ပါတယ်။ ကိုယ်မသိတဲ့ ဘာသာရပ်တွေကို စာမေးပွဲဖြေနေရတာ၊ စာမေးပွဲဖြေဖို့ အချိန်နောက်ကျနေတာမျိုးဆိုရင် သင်ဟာ စိတ်ရှုပ်ထွေးနေပြီး လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ စိတ်ပျက် အားလျော့နေ တဲ့ အချိန်တွေမှာ ဒီလိုအိပ်မက်ကို မက်တတ်ပါတယ်။
  • ဘုန်းကြီးကျောင်းတွင်း ဖိနပ်မစီးရခြင်းရဲ့ အကြောင်းအရင်း
    ဘုန်းကြီးကျောင်းတွင်း ဖိနပ်စီးခြင်း
    အထက်ဖော်ပြပါ ခေါင်းစဉ်နဲ့ပတ်သတ်၍ ဗုဒ္ဓဘာသာလူမျိုးများ၌ အတော်လေးကို သံသယဖြစ်နေကြပေသည်။ ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးနဲ့ ဗိမ္ဗိသာရမင်းကြီးကဲ့သို့ ခြေဖဝါးကို ဓါးနဲ့ခွဲခံရမယ်ဆိုပြီး ပြောဆိုခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။ သို့သော် ဗိမ္ဗိသာရမင်းသည် အဘယ့်ကြောင့် ခြေဖဝါးကို ဓါးနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးပေသည်။
    တကယ်တော့ ဗိမ္ဗိသာရမင်းသည် ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့၍ ခြေဖဝါးကို ဓါးဖြင့်ခွဲခံရခြင်း မဟုတ်ပါပေ။ ဘုရားစေတီတော်ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ပြင် ဗိမ္ဗိသာရမင်းသည် ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ရန် ခင်းထားသောအခင်းပေါ် ခြေဆေးခြင်းမရှိဘဲ ညစ်ပေသော ခြေထောက်ဖြင့် နင်းခဲ့ခြင်းအကုသိုလ်ကံကြောင့် ယခုမျက်မှောက်ဘဝတွင် ခြေဖဝါးကို ဓါးဖြင့်ခွဲခံရခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုန်းကြီးကျောင်းများတွင် ကျောင်းထိုင်သံဃာများက ခွင့်ပြုလျှင် စီးကောင်းပါသည်။
    လက်ရှိ ဗုဒ္ဓဘာသာများသည် တကယ်အလေးထားရမည်ကို အလေးမထားဘဲ မဖြစ်စလောက်လေးကိုတော့ အလေးထား၍ ပြုလုပ်လိုက်နာကျင့်သုံးနေကြပေသည်။ တကယ်စဉ်းစားကြည့်လျှင် ဘုန်းကြီးကျောင်းပေါ်တွင် ဖိနပ်မစီးဘဲ ညစ်ပေသောခြေထောက်ဖြင့် တက်လျှင်သာ သံဃိကကျောင်း ညစ်ပေသောကြောင့် အပြစ်ရှိပေသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိတယ်ဆိုလို့ လိုက်နာကြသော်လည်း ကျောင်းဝင်းအတွင်း တံတွေးထွေးခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ အမှိုက်ပြစ်ခြင်းစတဲ့ ညစ်ပေသောအမှုကိစ္စကိုများတော့ အလွယ်တကူ ပြုလုပ်ကြပေသည်။ တကယ်စဉ်းစားကြည့်လျှင် မည်သည့်အရာက ပိုမို၍ အပြစ်ရှိသည်ကို သိနိုင်လိမ့်မည် ထင်ပါသည်။
    ထို့ပြင် ဗုဒ္ဓဘာသာများသည် ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိတယ်လို့တော့ ယူဆကြပါတယ်။ သို့သော်လည်း ကားဆိုင်ကယ်စက်ဘီးဖြင့် ဖိနပ်စီးလျှက် ဝင်နေကြပေသည်။ တကယ်လို့သာ ကျောင်းဝင်းအတွင်း ဖိနပ်စီးလျှင် အပြစ်ရှိပါက ထိုသို့ကားများပေါ်တွင် ဖိနပ်စီးခြင်းသည်လည်း အပြစ်ရှိပေလိမ့်မည်။
    မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက မဟာရာဇာအမည်ရှိသောမင်းသည် သံဃာတော်များ စကြံကြွနေသည့်နေရာတိုင်အောင် ဖိနပ်စီးကာ သံဃာတော်များအား ဘုရားရှင် အဘယ်မှာ သီတင်းသုံးနေသလဲလျှောက်သောအခါ သံဃာတော်များက ဘုရားရှင် ကျောင်းပေါ်၌သီတင်းသုံးနေသည်ဟု ဖြေကြားသောအခါမှသာ ဘုရားရှင်ရှိရာ ကျောင်းပေါ်သို့တက်ခါနီးတွင် ဖိနပ်ချွတ်ခြင်း၊ မင်းဝတ်တန်ဆာများ ချွတ်ထားခြင်းတို့ကိုထောက်ဆ၍လည်းကောင်း၊ ဗိမ္ဗိသာရမင်းသည် ဘုရားရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ သံဃာတော်များ သီတင်းသုံးရန်အတွက် ခင်းထားသောအခင်းပေါ်၌ ညစ်ပေသော ခြေထောက်ဖြင့် နင်းခဲ့ခြင်းတို့ကို ထောက်ဆလျှင် ကျောင်းဝင်းအတွင်း တလင်ပြင်ပေါ်ဝယ် ဖိနပ်စီး၍ ရပါသည်။
    မိထွေးတော်ဂေါတမီနှင့် မင်းသမီးငါးရာတို့သည် ဘိက္ခနီဝတ်ရန် ကျောင်းတော်သို့သွားသောအခါ ဘုရားရှင်ကို အရိုအသေ ကင်းမဲ့ရာရောက်မည်ဆိုး၍ ယာဉ်ရထားမစီးဘဲ ခြေလျင်သွားခဲ့သည်ကိုထောက်လျှင် မိမိတကယ် ရတနာသုံးပါးကို ရိုသေလေးစားပါက ဖိနပ်၊ ယာဉ် မစီးဘဲ ကျောင်းဝင်းသို့ဝင်လျှင်တော့ ကောင်းပါသည်။ သို့သော် ကျောင်းပေါ်၊ ဘုရားရင်ပြင်ပေါ်သို့ တက်မည်ဆိုလျှင်တော့ ခြေဆင်းပြီးမှ တက်သင့်ပါသည်။ မိမိ၏ ကျန်းမာရေးကြောင့် ရတနာသုံးပါးကို ရိုသေလေးစားသော်လည်း ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း၊ ယာဉ်စသည်စီးခြင်းတို့သည် အပြစ်မရှိ၍ ပြုလုပ်နိုင်ပါသည်။
    ယခုခေတ် လူငယ်များသည် များသောအားဖြင့် ဘုန်းကြီးကျောင်းများတွင် ဖိနပ်ချွတ်ရမည်ကို ဝန်းလေးနေကြသည်။ ဖိနပ်ချွတ်ရမည့်ကိစ္စကြောင့် တစ်ချို့ဆိုလျှင် ဘုန်းကြီးကျောင်းကိုပင် မသွားချင်ကြပေ။ သူတို့၏ ခြေထောက်များ ဘာများဖြစ်သွားမလဲလို့များ စိုးရိမ်နေကြတယ် ထင်ပါတယ်။ အဲဒီလို ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်ချွတ်ရန် ဝန်းလေးနေသည့် လူငယ်များအတွက် ယခုပို့စ်လေးက အကျိုးရှိမည်ထင်ပါသည်။
    Credit – Original Uploader
  • အရသာရှိပြီး လွယ်ကူအာဟာရပြည့်တဲ့ ခရမ်းသီးမီးဖုတ်သုပ် အကောင်းဆုံးလုပ်နည်း
    ခရမ်းသီးရဲ့ ဆိမ့်ဆိမ့်လေးနဲ့ ချိုတဲ့ အရသာကို ဖုတ်ပြီး သုပ်စားတဲ့အခါ ပိုပြီး ပေါ်လွင်စေပါတယ်။ ခရမ်းသီးမှာ အမျိုးမျိုး ရှိပါတယ်။ မီးဖုတ်သုပ်တဲ့ အခါ ထောပတ်ခရမ်းလို့ ခေါ်တဲ့ အဝိုင်းသီးဟာ ပိုကောင်းပါတယ်။ ခရမ်းသီးဟာ အဝလွန်ရောဂါနဲ့ နှလုံးရောဂါတွေကို သက်သာစေနိုင်ပြီး အခွံမှာ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ သွေးထဲက ကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့ အသီးပါ။
    ခရမ်းသီးဟာ ကိုလက်စရောဓာတ်ကို လျော့ကျပေးပါတယ်။ နှလုံးရောဂါ ရှိသူများ စားသင့်ပါတယ်။ ဝမ်းဗိုက်အတွင်းမှာ ဖြစ်တဲ့ အနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အာရုံကြော ရောဂါများအတွက် ကောင်းမွန်ပါတယ်။ ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိပါတယ်။ မှတ်ဉာဏ်ကောင်းစေ ပါတယ်။ သွေးများကို သန့်ရှင်း စင်ကြယ်စေပါတယ်။ သတိထားရမယ့် အချက်ကတော့ ကျောက်ကပ်မှာ ကျောက်တည်နေသူတွေ ခရမ်းသီး မစားသင့်ပါဘူး။ ခရမ်းသီးမှာ ပါတဲ့ Oxalates က ကျောက်ကပ်ကို ဒုက္ခဖြစ်စေနိုင်လို့ပါ။
    ခရမ်းသီးမီးဖုတ်သုပ်မှာ လိုအပ်တာတွေကတော့ နည်းပြီး လွယ်ကူပါတယ်။ ထောပတ် ခရမ်းသီးတစ်လုံး ဒါမှမဟုတ် မီးဖုတ်ဖို့ အိမ်မှာ အခက်အခဲ ရှိတယ်ဆိုရင်တော့ ဖုတ်ပြီးသား ခရမ်းသီးတစ်လုံး ဝယ်ပါ။ အခုဆိုရင် အချို့ဈေးတွေမှာ ဖုတ်ပြီးသား အဆင်သင့်ရောင်းနေပါပြီ။ မီးဖုတ်လို့ အဆင်မပြေရင် ထမင်းအိုးထဲမှာ ထည့်ပြီး အုန်းလို့ ရပါတယ်။ ထမင်းအိုး အရည်ငှဲ့ချက်ပြီး ပြန်နှပ်တဲ့ အချိန်မှာ ခရမ်းသီးကို ထည့်ပြီး အုန်းထားတာပါ။ ကြက်သွန်မြိတ် အနည်းငယ်နဲ့ နံနံပင် အနည်းငယ် လိုပါတယ်။ ဆီကတော့ ပိုဆိမ့်အောင် ရိုးရိုး ဆီစိမ်း သုံးပါတယ်။ ဆားအနည်းငယ်လိုပါတယ်။ ကြက်သားမှုန့်ကတော့ မလိုသလောက်ပါပဲ။ သဘာ၀ အချိုကို ဦးစားပေးတဲ့အတွက် သိပ်တော့ မလိုပါဘူး။ ကြက်သွန်နီ ၂လုံးခန့် လှီးထားပါ။ အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်း အနည်းငယ် ထည့်ပါ။
    ပြုလုပ်ပုံကလည်း လွယ်ကူပါတယ်။ ခရမ်းသီး မီးဖုတ်ကို ဇွန်းနဲ့ အသာ ခေါက်ပါ။ ကြက်သွန်နီနဲ့ ဆီ၊ ဆားတွေကို အချိုးကျထည့်ပြီး နယ်ပေးပါ။ ပြီးရင် ကြက်သွန်မြိတ်နဲ့ နံနံပင်ကို အပေါ်ကနေ ဖြူးပေးပါ။ အခုဆိုရင် လွယ်ကူပြီး အရသာ ရှိတဲ့ ခရမ်းသီး မီးဖုတ်သုပ်လေး ရပါပြီ။
  • ကိုယ်နဲ့အသင့်တော်ဆုံး ရေမွှေးရနံ့ကို ဒီနည်းလမ်းအတိုင်း ရှာဖွေလိုက်ပါ
    ရေမွှေး ဝယ်လိုက်တိုင်း အနံ့က ကြာရှည်မခံတဲ့အပြင် ကိုယ့်ရဲ့ချွေးနံ့ကို control မလုပ်ပေးနိုင်လို့ စိတ်ကသိ ကအောက် ဖြစ်ရတဲ့ အခိုက်အတန့်မျိုး ကြုံတွေ့ဖူးလား။ ဒါဆိုရင်တော့ သင့်ရဲ့ ကိုယ်ရ နံ့နဲ့ ကိုက်ညီတဲ့ ရေမွှေးအနံ့ကို သေချာမရွေးချယ်တတ်တာရယ်၊ ရေမွှေးကြာရှည်ခံအောင် ဘယ်လိုနည်းလမ်း အသုံးပြုရတယ်ဆိုတဲ့ လျှို့ဝှက်ချက် တွေကို မသိသေးလို့ပါ။ ဒီတော့… ရေမွှေးဝယ်တော့မယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးအတိုင်း သေချာ ဆန်းစစ်ပြီးမှ ရွေးဝယ်ဖို့ တိုက်တွန်းပါရစေ။
    ပထမဦးဆုံးအချက်အနေနဲ့ ရေမွှေးဝယ်တော့မယ်ဆိုရင် တစ်ယောက်ထဲ မသွားပါနဲ့။ ကိုယ်ရဲ့ အနံ့ကို ကိုယ်တိုင် သတိမထားမိပေမယ့် ဘေးလူကတော့ ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကဘယ်လို ဆိုတာကို သိကြပါတယ်။ ရေမွှေး မဆွတ်ထားရင် ကိုယ့်ရဲ့ ကိုယ်ရနံ့က ဘယ်လိုဖြစ်နေလဲ ဆိုတာကို ရင်းနှီးတဲ့ သူငယ်ချင်း၊ မိသားစုကို အရင်ဆုံး မေးမြန်းပါ။ လူတစ်ယောက်နဲ့ တစ်ယောက် က ခန္ဓာကိုယ် အနံ့အသက်ချင်း မတူညီကြပါဘူး။ ဒီတော့… ခန္ဓာကိုယ်အနံ့အသက် သိပ်မကောင်းတဲ့ သူတွေက ကိုယ့်ရဲ့ အနံ့ကို control လုပ်ပေးနိုင်မယ့် ရေမွှေးရနံ့ကို ရွေးချယ်သင့်ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါမှာ body lotion နဲ့ အရင်ဦးဆုံး စမ်းသပ်နိုင်ပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ body lotion အနံ့နဲ့ ခပ်ဆင်ဆင်၊ ထပ်တူကျတဲ့ ရနံ့မျိုး ရေမွှေးကို ရွေးချယ်ဝယ်ယူတာက အလွယ်ကူဆုံး နည်းလမ်းတစ်ရပ်ပါပဲ။
    ရေမွှေးဝယ်တော့မယ်ဆိုရင် လူအများစု ပြုလုပ်တတ်ကြတာက ရေမွှေးတစ်ပုလင်းပြီး တစ်ပုလင်း အနံ့ ရှူရှိုက်ကြည့်ကြတော့တာပါပဲ။ အနံ့ရောသွားတဲ့အခါမှာ ရေမွှေးဆိုင်ကလည်း ကော်ဖီစေ့ကို ပြန်ရှူခိုင်းလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါလို့ ရေမွှေးထုတ်လုပ်ရေး ကျွမ်းကျင် ပညာရှင် တွေက ဆိုထားပါတယ်။ ရေမွှေးဝယ်တော့မယ်ဆိုရင် အနံ့သုံးမျိုး ထပ်ပိုပြီးတော့ မစမ်း သပ်သင့်ပါဘူး။ အနံ့ ၃မျိုးထက်ပိုပြီး ရှူရှိုက်မိတဲ့အခါ ကော်ဖီစေ့ကို ဘယ်လောက်ပဲ ရှူရှူ၊ ရေမွှေး ရဲ့ ပကတိအနံ့ကို သေချာမရနိုင်တော့ပါဘူး။
    ရေမွှေးရနံ့ကို ရွေးချယ်တဲ့အခါမှာလည်း ရေမွှေးပုလင်းဖုံးဝကိုရှူရှိုက်ကြည့်တာ၊ ကဒ်ကိုရှူရှိုက် ကြည့်တာထက် သင့်ရဲ့ လက်ကောက်ဝတ်နေရာကို အနည်းငယ်ဆွတ်လိုက်ပါ။ ဆွတ်ထားတဲ့ ရေမွှေးကို မိနစ် ၂၀၊ နာရီဝက်လောက်ထိ ထားပြီး နဂိုရေမွှေးအနံ့အတိုင်း ရနေသေးလား ဆိုတာ ကို ပြန်လည်စမ်းသပ်ပါ။ တကယ်လို့ ရေမွှေးရနံ့က မရှိတော့ဘူးဆိုရင်တော့ အဲ့ဒီရေမွှေးက သင့်ရဲ့ ကိုယ်ခန္ဓာအနံ့ကို control မလုပ်ပေးနိုင်လို့ပါ။ ဒီလိုဆိုရင်တော့ အနံ့နည်းနည်း စူးရှတဲ့ ရေမွှေးကို ရွေးချယ်ဝယ်ယူလိုက်ပါ။
    နောက်တစ်ချက်အနေနဲ့ ရေမွှေးက ကိုယ့်ရဲ့ ချွေးနံ့၊ ကိုယ်ခန္ဓာအနံ့ကို cover လုပ်ပေးနိုင်ပေမယ့် တစ်နေကုန်မခံ၊ ကြာရှည်မခံတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရေမွှေးဆွတ်တဲ့ နည်းလမ်း မှား ယွင်းနေ လို့ပါ။ ရေမွှေးဆွတ်တဲ့အခါမှာ လည်ပင်းသွေးကြော၊ လက်ကောက်ဝတ်သွေးကြော နေရာတွေကို ဆွတ်တာက အနံ့ကြာရှည်ခံစေပါတယ်။ ဒါ့ကြောင့် အကျီၤတွေကို ရေမွှေးဆွတ်မယ့် အစား သွေးကြောရှိတဲ့ အရေပြားပေါ် ဆွတ်တာက ရေမွှေးအနံ့ ကြာရှည်ခံစေမယ့် အကောင်းဆုံး နည်းလမ်း တစ်ရပ်ပါပဲ။
    Credit- Original Uploader
  • တစ်ပတ်တာလုံး အုန်းရည်သောက်သုံးတဲ့အခါ
    တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံး မသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။
    (၁) ကိုယ်ခံအားကောင်းလာမယ်။
    အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။
    (၂) အားပြည့်လာမယ်။
    တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။
    (၃) ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
    သင့်ခန္ဓာကိုယ်အတွင်းကတန်ဆာပလာတွေသိသိသာသာကိုကောင်းလာပါလိမ့်မယ်။
    (၄) အစာခြေစနစ်ကောင်းလာမယ်။
    သင့်အစာခြေစနစ်အတွက် အရမ်းကိုအထောက်အကူပြုပါတယ်။ အစာများများ စားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။
    (၅) ဝိတ်ကျလာမယ်။
    အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။
    (၆) ခေါင်းကိုက်သက်သာစေတယ်။
    လေ့လာချက်တွေအရတော့အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
    (၇) ငယ်ရွယ်နုပျိုစေတယ်။
    အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။
  • ရိုးရာမင်ကြောင်ထိုးခြင်းဓလေ့ အကြောင်း
    မင်ကြောင် ထိုးခြင်း ဓလေ့
    ဆေးမင်ထိုးတယ်ဆိုရာမှာ ယနေ့ခေတ် တက်တူးထိုးသလို ဒီပုံလေးလှလို့ ဒီပုံလေးထိုးပေးပါလောက်ပြောပြီး တက်တူးဆရာက ထိုးပေးလိုက်ရုံနဲ့ ပြီးမသွားပါဘူး။ ဆေးမင်ထိုးတဲ့အချိန် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိနေပါသေးတယ်။
    ဆေးမင်ထိုးမယ်လို့ စပြီး ပြင်ဆင်ကြပြီဆိုတဲ့အခါ ဦးစီးပြုလုပ်သူ မင်ကြောင်ဆရာက သတ်မှတ်ထားတဲ့နေရာတစ်ဝိုက်ကို အရင်ဆုံး ပရိတ်ရေဖြန်း၊ ဆန်မန်းပေါက်ပေါက်ကြဲပြီး မန္တာန်တွေ ရွတ်ဆိုရပါတယ်။ ပတ်ပတ်လည်မှ ရာဇမတ်ကာပြီး ပရိတ်သဲဖြူတွေ ခင်းလို့ ထောင့်လေးထောင့်မှာ ငှက်ပျောပင်တွေစိုက်၊ ဂြိုဟ်ရှစ်လုံးနေ့နံသင့် ပန်းတွေ၊ အညွန့်အခက်တွေကို အမိုးပတ်ပတ်လည်မှာ ဆွဲချိန်ထားရပါတယ်။ အမိုးအတွက်ကတော့ နေ့နံသင့်အပျိုတစ်ယောက်တည်းက ရက်လုပ်တဲ့ ဖျင်ဖြူမှာ ပထမံ စမရုပ်တွေ၊ အင်းတွေကို ဟဿၤပြဒါးနဲ့ ရေးခြယ်ပြီး မိုးပါတယ်။ ဘေးပတ်ပတ်လည်မှာ နေ့နံသင့် အပျိုလေးတွေရက်တဲ့ တင်းတိမ်စောင်တွေကို ပရိတ်ချည်တွေ တွဲပြီး ကာရံပါတယ်။ မြေပေါ်မှာတော့ အလယ်ကြောခွာပြီးတဲ့ ငှက်ပျောရွက်တွေကို ဆီမန်းလိမ်းပြီးခင်းထားရပါတယ်။ ဒါကို မှောင်ခန်းလို့ခေါ်ပါတယ်။
    ဆေးမင်ထိုးမယ့် ကာလသားက မှောင်ခန်းထဲ မဝင်ခင် ရေမိုးသန့်စင်ပြီးခေါင်းဖြီးလို့ ပုဆိုးသစ်စည်းထားရပါတယ။် အချိန်ကျလို့ မှောင်ခန်းထဲ ဝင်မယ့်အခါ မှောင်ခန်းမှာဝဲပေါက် ၊ ယာပေါက် ရှိသည့်အလျောက် ဝဲပေါက်ကဝင်သူကို ဝဲမှောင်၊ ယာပေါက်က ဝင်သူကို ယာမှောင်လို့ ခေါ်ပါတယ်။ ယာမှောင်ဆိုတာကတော့ ဆေးအင်းတွေမပါဘဲ အလှအပအတွက်သာ ထိုးခြင်းဖြစ်ပါတယ်။ ဒီလိုထိုးမယ်ဆိုရင် ဦးစီးမင်ကြောင်ဆရာက သုံးကွက်၊ ငါးကွက်၊ ကိုးကွက်အစရှိသဖြင့် ထိုးပေးပြီးရင် ကျန်တဲ့အကွက်တွေအတွက် လက်ထောက် တပည့် ၂ယောက်က တစ်ပြိုင်တည်း ဖြည့်ထိုးပေးပါတယ်။ ဒီနှစ်ယောက်ညောင်းလာရင် ကျန်တဲ့ နှစ်ယောက်က အစားဝင်ပြီး အလွယ်တကူထိုးပေးနိုင်လို့ ယာမှောင်သမားတစ်ယောက်ကို အချိန် တစ်နာရီ၊ နှစ်နာရီလောက်သာ ကြာပါတယ်။
    ဝဲမှောင်မှာတော့ ဒီလိုလုပ်လို့မရတော့ပါဘူး။ သူ့ကိုတော့ ဦးစီးဆရာနဲ့ နေ့သင့်နံသင့်ရွေးထားတဲ့ မင်ကြောင်ဆရာ ၂ယောက် စုစုပေါင်း ၃ယောက်ကသာ ထိုးပေးနိုင်ပါတယ်။ တစ်ကြိမ်မှာလည်း ဆရာတစ်ယောက်သာ ထိုးပေးရပါတယ။် သတ်မှတ်ထားတဲ့ မင်သေ့ကွက် (မင်ကြောင်ကွက်)တွေကို အစီအစဉ်အတိုင်းသာ လှည့်ပတ်ထိုးပေးရပါတယ်။ တစ်ဘက်တည်းမှာ အပြည့်ထိုးပြီးမှ နောက်တစ်ဘက် ကူးထိုးလို့ မရပါ။ ဆေးထိုးစဉ်မှာ မန္တာန်ကျူးရပါသေးတယ်။ မင်သေ့ကွက်တိုင်းကို ဆေးအင်းအစီအရင်တွေအတိုင်း နက္ခတ်သင့်သည့်အတိုင်း ထိုးပေးရပါတယ်။ ဆိုလိုတာက မင်ကြောင်ထိုးတဲ့အခါ ဘယ်မင်သေ့ကွက်ကို ဘယ်နက္ခတ်သင့်တဲ့အချိန်မှာ ထိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပါတယ်။
    ဝဲမှောင်မှာထိုးမယ့် ကာလသားကလည်း မင်သေ့မထိုးခင် ဆေးစင်ကို ထိခြင်းငါးပါးနဲ့ရှိခိုးရပြီးနောက်မှာ ငါးပါးသီလ ခံယူရပါတယ်။ ပြီးရင် စည်းထားတဲ့ပုဆိုးကိုချွတ်ပြီးကိုယ်လုံးတီးနဲ့ မင်သေ့ဆရာတွေကို ရှိခိုးရပါတယ်။ ပြီးရင်တော့ အနာကြီး၊ အိုင်းအနာ ၊ ပွေးစတဲ့ ရောဂါတွေ မရှိကြောင်း၊ ယောက်ျားစင်စစ်ဖြစ်ကြောင်း စသဖြင့် ကိုယ်ကို သုံးပတ်လှည့်ပြီး စစ်ဆေးခံ၊ မေးမြန်းခံရပါတယ်။ ပြီးရင်တော့ မန္တာန်စုပ်လို့ နံ့သာဖြန်းပြီးတဲ့နောက်မှာ ဆေးမင်ထိုးဖို့ လဲလျောင်းပြီး အချုပ်ခံရပါတယ်။ ဆေးမင်ထိုးမယ့်သူကို ချုပ်မယ့်သူ လေးယောက်ရှိပါတယ်။ ဒီလေးယောက်ကလည်း ဆေးမင်ထိုးမယ့်သူနဲ့ နေ့နံသင့်သူများသာဖြစ်ရပြီး ပုဆိုးသစ်စည်းထားတဲ့သူတွေသာ ဖြစ်ရပါတယ်။
    ဦးစီးမင်သေ့ဆရာကြီးက သတ်မှတ်ထားတဲ့နေရာတွေမှာ ဂြိုဟ်ကြီးရှစ်လုံးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ဇော်ရုပ်၊ ဂဝံရုပ်၊ ဝက်ကုန်းရုပ်၊ ကြောင်ရုပ် စတာတွေကို ထိုးပြီးမှ ကျန်တဲ့အဖြည့်ရုပ်တွေကို လက်ထောက်မင်သေ့ဆရာတွေကို ထိုးခိုင်းလေ့ရှိပါတယ်။ ဒီလိုနဲ့ ခါးကိုပတ်ပြီးမင်သေ့ထိုး၊ ခါးကနေ ပေါင်ကိုဆက်၊ ပေါင်ကမှ ဒူးကိုဆက်ပြီး ထိုးနှံရပါတယ်။ ဆေးနီ၊ ဆေးနက် ၂မျိုးရှိသည့်အတိုင်း ၂မျိုးလုံးထိုးမယ်ဆိုရင်တော့ ဆေးနီကို အရင်ထိုးလို့ ပြီးကာမှ ဆေးနက်ကို ကိုင်ရပါတယ်။ ဆေးနီထိုးထားတဲ့ စုက်နဲ့ ဆေးနက်ကို မထိုးနှံရပါဘူး။
    ဆေးမင်ထိုးပေးပြီးတဲ့အခါမှာ ဝါးကပ်နဲ့ ထမ်းယူရသူ၊ သူငယ်ချင်း နှစ်ယောက် ဒါမှမဟုတ် တစ်ယောက်နဲ့ တွဲထုတ်ရသူ၊ ကိုယ်ကိုယ်တိုင်ပဲ အကူအညီမပါဘဲ ထွက်နိုင်ထနိုင်သူ ဆိုပြီး ၃မျိုးခွဲပါတယ်။ မင်ကြောင်ထိုးပြီးလို့ တင်းတိမ်အပြင်ကို ရောက်တာနဲ့ လက်ပန်းပေါင်း အနည်းဆုံး ၃ချက်စေ့အောင် ခတ်ကြရတဲ့ အလေ့တစ်ခုရှိပါတယ်။ ဝါးကပ်နဲ့ထမ်းယူရတဲ့သူဟာ ဝါးကပ်ပေါ်ကနေ ထူပေးထားတဲ့သူကိုမှီလို့ ခတ်ခဲ့ရင် ဒါကို အဝါခတ်လို့ခေါ်ပါတယ်။ တွဲပေးတဲ့သူနဲ့ထွက်လာပြီး တွဲပေးသူကိုမှီလို့ခတ်ခဲ့ရင် ဒါကိုတော့ အမြှောင်ခတ်လို့ခေါ်ပြီး တစ်ယောက်တည်းထွက်လာနိုင်ပြီး လက်ပန်းပေါင်း မမောမချင်းခတ်နိုင်သူူကိုတော့ ထီးထီးခတ်လို့ခေါ်ပါတယ်။
    ဒါတွေဟာ ယာမှောင်သမားတွေအတွက် အရေးမကြီးလှသော်လည်း ဝဲမှောင်သမားတွေအတွက်တော့ အလွန်အရေးပါပါတယ်။ ဝဲမှောင်မှ ထွက်လာတဲ့သူတွေအတွက် အမြှောင်ထ၊ အထီးထ ထနိုင်ထွက်နိုင်မှသာ ကြတ္တိကာနက္ခတ်ထွက်တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲမှာ ဆေးထပ်ခြင်း ၊ ဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။ ( စပ်မိလို့ ပြောရရင်ဖြင့် ကျီးမနိုးပွဲဆိုတာဟာလည်း ယနေ့ခေတ်လို ကြက်ခိုး၊ ဘူးသီးခိုး၊ ပစ္စည်းခိုးပြီး ပျော်ပွဲကျင်းပတဲ့ ပွဲတော် မဟုတ်ကြောင်းကိုလည်း ဆောင်းပါး တစ်ပုဒ်အနေဖြင့် တင်ပြပါဦးမည်။ )
    မင်သေ့ထိုးလို့ အိမ်ပြန်လာတဲ့ကာလသားဟာ လမ်းတစ်လျှောက်မှာ တွေ့သမျှသူတို့က နှုတ်ဆက်သမျှ ပြန်နှုတ်ဆက်ရပါတယ်။ ဒီနေရာမှာလည်း ယောက်ျားအချင်းချင်းတွေ့လို့ နှုတ်ဆက်မယ်ဆိုရင်တော့ လက်ပန်းပေါင်းကို ဖြောင်းဖြောင်းမြည်အောင်ခတ်လို့ “ဒါမှ ယောက်ျားဟေ့” လို့ အော်ပြီး နှုတ်ဆက်ကြပါတယ်။ မင်ကြောင်ထိုးခဲ့သူကလည်း လက်ပန်းပေါင်းသံပြန်ပေးလို့ “ယောက်ျား” လို့ပြန်အော်ရပါတယ်။ ခေါ်သံနဲ့ လိုက်သံ ညီအောင်ပေးဖို့ဆိုတာ သွေးချင်းချင်းရဲအောင် မင်ကြောင်ထိုးထားရတဲ့သူအဖို့တော့ မလွယ်လှပါဘူး။ မိန်းကလေးတွေကတော့ အိမ်ထဲကနေ လှမ်းခေါ်ပြီး ဆေးမင်မထိုးတဲ့ ကျော၊ ရင်၊ လက်မောင်းသား၊ ခြေသလုံးစတာတွေမှာ နံ့သာရည်နဲ့ လူးပေးကြပြီး နံ့သာခွက်ထဲက ပန်းကိုပေးရပါတယ်။ ဒီအခါ မင်ကြောင်ထိုးတဲ့ ကာလသားဟာ မိန်းကလေးပေးတဲ့ပန်းကို သျှောင်မှာထိုးပြီး ရောင်မှာ ပန်ထားလက်စပန်းကို မိန်းကလေးကို ဖြုတ်ပေးရပါတယ်။ အိမ်ကိုရောက်တော့မှ မိခင်တိုက်တဲ့ ပရိတ်ရေကိုသောက်၊ ပရိတ်ချည်တွေနဲ့ သျှောင်မှာဖွဲ့ရစ်ပြီးကာမှ အသင့်ပြင်ထားတဲ့ အိပ်ရာပေါ် လဲလျောင်းပြီးမှသာ မင်ကြောင်ထိုးခြင်း တစ်ကဏ္ဍရပ်ပါတော့တယ်။
    ယနေ့ခေတ်မှာ တက်တူးယဉ်ကျေးမှု ထွန်းကားလာတာနဲ့အမျှ လူငယ်တွေကြားမှာလည်း ခေတ်စားတဲ့ ဖက်ရှင်တစ်ခုဖြစ်လာပါပြီ။ သို့သော်ငြား မြန်မာ့ယဉ်ကျေးမှုနဲ့ နှီးနွယ်လာတဲ့အခါ လူကြီးတွေကလည်း တက်တူးထိုးထားရင် လူဆိုးလိုလို၊ လူမိုက်လိုလို ကြည့်တတ်ကြတာမျိုးရှိသလို လူငယ်တွေဘက်ကလည်း အရင်ကတောင် မင်ကြောင်ထိုးကြသေးတာပဲ ခုလည်း တက်တူးထိုးတာ ဘာကွာလို့လဲ၊ ယဉ်ကျေးမှုထိန်းသိမ်းသလိုတောင်ဖြစ်သေးတယ်လို့ နှုတ်လှန်ထိုးတာတွေလည်း တွေ့လာရပါတယ်။
    စာရေးသူအမြင်မှာတော့ တက်တူးထိုးဖို့ဆိုတာ အနည်းဆုံး အနာခံရဲတဲ့သတ္တိကတော့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ အလှကြိုက်ကြပါစေ၊ ကိုယ့်အသားအနာခံပြီးမှ လှဖို့ဆိုတာတော့ လူတိုင်းမဝံ့ရဲတဲ့အရာပါ။ ဒီတော့ အနည်းဆုံးတော့ ဒီလို သတ္တိမျိုးရှိနေတဲ့လူငယ်တွေကိုလည်း လူကြီးတွေဘက်က မကြည်တဲ့မျက်လုံးမျိုးနဲ့ မကြည့်ဘဲ သူတို့သတ္တိကို အရောင်တင်လို့ လမ်းမှန်ကိုရောက်အောင် ပို့ပေးလို့ရပါတယ်။ နောက်တစ်ချက် သတိချပ်စေချင်တာက တက်တူးထိုးတိုင်း လူမိုက်မဟုတ်ဘူးဆိုတာပါပဲ။ ဒါဟာ ခေတ်အလိုက်ဖြစ်ပေါ်လာတဲ့ ဖက်ရှင်တစ်ခုပါ။ လူငယ်ဆိုတာ ဖက်ရှင်တစ်ခု trend ဖြစ်လာတာနဲ့အမျှ ဒီရေစီးနောက်ကို လိုက်ကြတဲ့ အမျိုးတွေပဲ မဟုတ်ပါလား။ ဝါသနာအရ ထိုးကြတာမျိုးတောင် ရှိနေသေးတာမို့ လူကြီးတွေဘက်ကလည်း အနည်းငယ်တော့ အမြင်ပြောင်းပေးဖို့ လိုပါလိမ့်မယ်။
    လူငယ်တွေဘက်ကလည်း ယဉ်ကျေးမှု၊ ယဉ်ကျေးမှုဆိုပြီးတိုင်းတာပြောနေရလောက်တဲ့ထိ တက်တူးနဲ့ မင်ကြောင်ဟာ မတူပါဘူး။ မတူရခြင်းအကြောင်းရင်းကိုလည်း အထက်မှာဖော်ပြခဲ့ပြီးပါပြီ။ တက်တူးထိုးတာဟာ အသားနာတာကလွဲလို့ မင်ကြောင်နဲ့ လားလားမှမတူပါဘူး။ ဒါကြောင့် ယဉ်ကျေးမှုအရေခြုံလို့ ကိုယ့်ဝါသနာကို မကွယ်ဝှက်ပါနဲ့။ တက်တူးထိုးခြင်းဟာ လူတစ်ယောက်ကို လူမိုက်အဖြစ်ပြောင်းမသွားစေပါဘူး။ စိတ်သာအဓိကပါ။ တက်တူးမရှိတဲ့လူမိုက်တွေများသလို တစ်ကိုယ်လုံးတက်တူးအပြည့်နဲ့ လူတော်၊ လူကောင်းလေးတွေလည်း အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် တက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ စိတ်ကို အသင့်ပြင်ထားတာက အကောင်းဆုံးပါပဲ။ ရွဲ့ခြင်း၊ စောင်းခြင်း၊ ထေ့ခြင်း၊ ငေါ့ခြင်း မလုပ်ကြဘဲ လူငယ်နဲ့ လူကြီးကြား မှန်ကန်တဲ့ ဆွေးနွေးမှုတွေ၊ တိုင်ပင်မှုတွေလုပ်ပြီး နားလည်မှုယူခြင်းကသာ ဒီလူတွေကြား ပြေလည်စေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်လို့သာ ပြောကြားရင်း…
    Photo credit – Yan Win (Taung Da Gar) : Htoe Kwin
    Credit : ရိုးရာလေး
  • လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ
    လက်ဗွေသည် တစ်ကမ္ဘာလုံးရှိ မှုခင်းဆိုင်ရာ ဓါတ်ခွဲခန်းသုံး အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဘာကြောင့် လက်ဗွေက ထူးခြားတာလဲ။ အဖြေကို မပြောခင် သင့်ကို လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေကြောင်း ပြောပြပါရစေ။
    လက်ဗွေများက မည်သို့ ဖြစ်ပေါ်နေသလဲ။
    လက်ဗွေရဲ့ ထူးခြားမှုက သန္ဓေသားအရွယ် ဖွံဖြိုးနေစဉ်မှ အစပြုပါတယ်။ သားအိမ်ရဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ လက်ဗွေပုံစံကို ဆုံးဖြတ်ပေးပါတယ်။ သားအိမ်ထဲ သေးငယ်သော သန္ဓေသားအဖြစ်ရှိနေစဉ် သင့်လက်ချောင်းများ၊ ခြေချောင်းများသည် ပထမ ခြောက်လမှာ ဖွံ့ဖြိုးနေပါတယ်။ ထိုချိန်မှာ လက်ချောင်းနဲ့ ခြေချောင်းများတွင် မှေးမှိန်သော လမ်းကြောင်းလေးများက ပေါ်နေပြီးသားဖြစ်ပါတယ်။ မီးမဖွားခင် နောက်ဆုံး သုံးလမှာ ထိုလမ်းကြောင်းများက ပိုထင်ရှားလာကာ လက်ဗွေဖြစ်လာပါတယ်။ ပညာရှင်များက လက်ဗွေများဖြစ်ပေါ်လာသော အချိန်ကို ပြောပြနိုင်သော်လည်း ထိုဖြစ်စဉ်ရဲ့ အလုံးစုံကို တိကျစွာ နားမလည်ကြသေးပါ။ ပညာရှင်အများစုက အရေပြားအလယ်လွှာသည် အပေါ်လွှာနှင့် အောက်ဆုံးလွှာအကြားတွင် ဖိ၍ ပုံသွင်းခြင်းခံရသောကြောင့် ဖြစ်သည်ဟူသော သီအိုရီကို လက်ခံထားကြပါတယ်။ အရေပြားရဲ့ အောက်ဆုံးလွှာက ကျန်အလွှာများထက် ပိုမြန်စွာ ဖွံ့ဖြိုးပါတယ်။
    ထိုမညီမျှခြင်းက အရေပြားလွှာများကို အချင်းချင်း လိမ်ခေါက် ပေါင်းစပ်သွားစေကာ ထိုအခေါက်များက လက်ချောင်းများတွင် အပြင်မှမြင်ရသော ပုံစံကို ဖြစ်စေပါတယ်။ ထိုပုံစံများက သန္ဓေသားအရွယ်မှာ ဖြစ်ပြီး ပြင်ပမှ မည်သည့် ထိခိုက်မှုမျိုးကမှ ထိုပုံစံကို ပြောင်းလဲ၍ မရပေ။
    လက်ချောင်းများရဲ့ အပေါ်အရေပြားတွင် မြင်ရတဲ့ ဗွေပုံစံ ကဘာလဲ။
    ထိုဗွေများသည် ပျက်စီးထိခိုက်မှု မကြာခဏဖြစ်ပါက ဥပမာ လက်သဲကိုက်ခြင်း၊ ထိုသို့ဖြင့် အရေပြားရဲ့ အစိတ်အပိုင်းသည် တူညီသော ထိခိုက်မှုများကို မကြာခဏခံစားရပြီး ပုံစံ ပျက်စီးယိုယွင်း သွားနိုင်ပါတယ်။ ထိုအားနည်းချက်ကြောင့် ရာဇဝတ်သားအတော်များများက သူတို့ရဲ့ လက်ဗွေများကို ဖျက်စီးကာ ရာဇဝတ်မှုကျူးလွန်ရာတွင် မည်သည့် လက်ဗွေရာများ မကျန်အောင်ပြုလုပ်ကြသည်။ သို့သော် လက်ဗွေအများစုသည် အရေပြား အောက်ဆုံးလွှာများတွင် အခြေတည်သဖြင့် အချိန်ကြာလာသည်နှင့် နဂိုပုံစံပြန်ထွက်ပေါ်လာနိုင်ပါတယ်။
    ဘာကြောင့် လက်ဗွေများက ထူးခြားလဲ။
    လက်ဗွေပုံစံများကို အချက်နှစ်ချက်ဖြင့် ဆုံးဖြတ်ပါတယ်။ ၎င်းတို့မှာ မျိုးရိုးဗီဇ နှင့် ပတ်ဝန်းကျင် အချက်များပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အချက်များမှာ-
    -သွေးပေါင်
    -သွေးတွင်း အောက်စီဂျင်ပမာဏ
    -မိခင်ဆီမှရသော အာဟာရ
    -ဟော်မုန်းပမာဏ
    -သန္ဓေသားရဲ့ အနေအထား
    -လက်အနေအထား
    -သန္ဓေသားပတ်လည်ရှိ အရည်များရဲ့ ဖိအား
    ကွဲပြားမှုများစွာရှိသဖြင့် လူနှစ်ယောက်ရဲ့ လက်ဗွေပုံစံတူဖို့က အင်မတန်ခဲယဉ်းပါတယ်။ ထို့ကြောင့် လက်ဗွေများသည် လူတစ်ယောက်ရဲ့ အထူးခြားဆုံးလက္ခဏာရပ်တစ်ခု ထဲမှာ အမြဲပါဝင်ပါတယ်။
    ရေးသားသူ Dr.Nyan Linn
    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
  • ဘာပဲရောင်းရောင်း လက်တွေ့စျေးရောင်းကောင်းစေသော အဆောင်စီရင်နည်း
    (Zawgyi)
    ဘာပဲရောင်းရောင်း လက်တွေ့စျေးရောင်းကောင်းစေသော အဆောင်စီရင်နည်း
    အုတ်ခဲကောင်းကောင်းသန့်သန့် တစ်လုံးပေါ်တွင် မိမိရောင်းလိုသောပစ္စည်းများကို ရောင်းသည်ဟု ရေးပါ။ ဆိုင်နာမည်ရှိသူများက ဆိုင်နာမည်ကိုရေးပါ။ လုပ်ငန်းလုပ်သူများက လုပ်ငန်းအမည်ကို ရေးနိုင်ပါသည်။ မိမိလုပ်ကိုင်သော လုပ်ငန်းအကြောင်းကိုလည်း ရေးနိုင်ပါသည်။ ဥပမာ ကုန်စုံရောင်းသည်၊ မြတ် အိမ်ဆောက်ပစ္စည်း၊ ကွမ်းယာရောင်းသည် ၊ ကားဝပ်ရှော့၊ စုံစည်းရာစတိုးဆိုင်စသည်ဖြင့် ရေးရမည်။ နောက်တစ်ဆင့် ပြောမယ်။ ရေအိုးတစ်လုံးကို အဲဒီ အုတ်ခဲပေါ်ကို တင်ရမယ်။ ရေအိုးပေါ်မှာလည်း အုတ်ခဲပေါ်မှာ ရေးသလို ရေးရမယ်။ ရေအိုးထဲမှာ ရေတဝက် ဖြည့်ရမယ်။
    အဲဒီရေအိုးထဲကို အုန်းညွန့် (၆)ညွန့် ၊ ဇီးညွန့် (၈)ညွန့် ၊ သပြေ(၂၁)ညွန့် ထည့်ပါ။ လူမြင်သာသော နေရာ သန့်သန့်တွင် ထားပါ။ အညွန့်များ ညှိုးနွမ်းပါက အသစ်လဲလှယ်ပေးနိုင်ပါသည်။ နေရာမပြောင်းမရွေ့ သန့်ရှင်းစင်ကြယ်သော နေရာတွင် ထားရှိပါ။ ရေကိုလည်း လဲလှယ်ပေးနိုင်ပါသည်။ ယတြာ ဆောင်ရွက်သည့်အခါ အုပ်ခဲပေါ်ကို ရေအိုးတင်ရမည့် အခါများကို အောက်တွင် ဖော်ပြပေးလိုက် ရပါသည်။
    တနင်္ဂနွေနေ့မွေးသူများ တနင်္ဂနွေနေ့ ၁၂-နာရီ ၂၁-မိနစ်တွင် ဆောင်ရွက်ပါ။
    တနင်္လာနေ့မွေးသူများ တနင်္လာနေ့နံက် (၉)နာရီတိတိတွင် ဆောင်ရွက်ပါ။
    အင်္ဂါနေ့မွေးသူများ အင်္ဂါနေ့မွန်းလွဲ (၃)နာရီတိတိတွင် ဆောင်ရွက်ပါ။
    ဗုဒ္ဓဟူးနေ့မွေးသူများ ဗုဒ္ဓဟူးနေ့ (၉)နာရီတိတိတွင် ဆောင်ရွက်ပါ။
    ရာဟုတွင် မွေးသူများ ဗုဒ္ဓဟူးနေ့ နံက်(၉)နာရီတိတိတွင် ဆောင်ရွက်ပါ။
    ကြာသပတေးနေ့ မွေးသူများ ကြာသပတေးနေ့ မွန်းလွဲ (၃)နာရီတိတိတွင် ဆောင်ရွက်ပါ။
    သောကြာနေ့ မွေးသူများ သောကြာနေ့ (၁၂)နာရီတိတိတွင် ဆောင်ရွက်ပါ။
    စနေနေ့ မွေးသူများ စနေနေ့ နံက်(၇)နာရီတိတိတွင် ဆောင်ရွက်ပါ။
    Credit- Original Uploader
    (Unicode)
    ဘာပဲရောင်းရောင်း ဈေးရောင်းကောင်းစေသော အဆောင်စီရင်နည်း
  • ပရုပ်လုံးနံ့လေး သင်းနေတဲ့ အဝတ်အထည်တွေရဲ့ အန္တရာယ်
    အဝတ်အထည်လေးတွေ ပရုပ်လုံးနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေတက်မှာလဲမပူရအောင်ဆိုပြီး ပရုပ်လုံးတွေကို ရှိသမျှ အဝတ်ဗီရို၊ မွေ့ယာ၊ စောင်တွေသိမ်းတဲ့နေရာ၊ သားသား မီးမီးတို့ရဲ့ အဝတ်ခြင်းတောင်းတွေထဲမှာ ထည့်ကြတာ ဆန်းတာလုပ်လို့ ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။
    အင်္ဂလိပ်လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုံးလို့ သိကြပါတယ်။ ဆိုလိုတာက ပိုးမွှား ပြေးအောင် သုံးတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ပါရာဒိုင်ကလိုရိုဘန်ဇင်း)ဖြစ်ပါတယ်။ ပရုပ်လုံးရဲ့ အာနိသင်ကိုက တဖြေးဖြေးလုံးပါးပါးပြီး အငွေ့ ပျံတာလေ။ ပျံတဲ့ အငွေ့တွေက အပေါ်က ပြောတဲ့ ဓာတုဓာတ်တွေပေါ့။ စူးစူးရှရှနဲ့ သင်းပျံတဲ့ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက သားသား မီးမီးတို့အပြင် လူကြီးတွေရော၊ ကလေးငယ်၊ ဖိုးဖိုးဖွားဖွား အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါပဲ။ ဖြေးဖြေးချင်း သူလဲလုံးပါးပါးရင်း ကိုယ်ကိုလဲထိခိုက်နေတာပေါ့။ အနဲအများပဲကွာတယ်။ သိတောင်မသိလိုက်ကြဘူး။ အဲဒီအငွေ့တွေက မျက်စိ၊ အသက်ရှူ လမ်းကြောင်း စတာတွေကို အနှောင့်အယှက်ဖြစ်စေတယ်။ ခေါင်းကိုက်တာ၊ မူးတာ၊ အန်ချင်တာဖြစ်တတ်တယ်။ တချို့ လေ့လာမှုတွေအရ ကင်ဆာအချို့နဲ့တောင် စပ်ဆက်မှုရှိတယ်ဆိုပဲ။
    နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ်ပါ။ သွေးနီဥလေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။ သွေးအားနည်းရောဂါ၊သွေးနီဥတွေပျက်စီးရင်ဖြစ်တဲ့ အကျိုးဆက်တွေဖြစ်တတ်တယ်။ G6PD ဆိုတဲ့ အင်ဇိုင်း ချို့တဲ့မှုရှိသူတွေဆို ပိုပြီးတောင်ထိခိုက်တယ်။ လူကြီးနဲ့ ကလေး ခံရတာချင်း ဘာကွာမလဲ မေးစရာရှိတယ်။ ကလေး တွေရဲ့ ဒီ အဆိပ်ဓာတ်တွေကို ကိုယ်ကနေထုတ်ပြစ်နိုင်တဲ့ အားအင်က လူကြီးထက်စာရင်နဲသေးတယ်လေ။ ဒါကြောင့် ပို အန္တရာယ် ရှိတာပေါ့၊လူကြီးတွေအတွက်လဲ မကောင်းပါဘူး။ ခုခေတ်မှာ ပရုပ်လုံး ဖြူဖြူလေးတွေတင်မကတော့ဘူး၊ အရောင်စုံ ဒီဇိုင်းစုံ နဲ့ဆိုတော့ ချစ်စရာကောင်းတဲ့ပုံ မျိုးစုံဈေးကွက်ထဲမှာပေါ်နေပါတယ်။
    ဗီရိုထောင့်၊ ခြင်းထောင်းထောင့် မှာ တွေရင်၊ ကြမ်းပေါ်လိမ့်ကျနေတာ တွေ့ရင် သားပိစိ၊ သမီးပိစိလေးတွေက ထုံးစံအတိုင်း ပါးစပ်ထဲ ကောက်ထည့်လိုက်မှာပဲ၊ ဒါဆို ပိုဆိုး။ဒါကြောင့်သေချာသိမ်းရတယ်။ ဟုတ်ပြီ အငွေ့က ရှူမိလို့ ရေရှည်မကောင်းဘူးဆိုရင် ပရုပ်လုံးနဲ့ အကြာကြီးထိတွေ့ထားတဲ့ အဝတ်ကိုဝတ်ရင်ရောလို့ မေးစရာရှိတယ်နော်။ အရေပြားက နေထိတွေ့တာလဲ မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေပါတယ်။ ပြန်လျှော်ပြီး နေလှန်းခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။
    ပရုပ်လုံးမသုံးရင် အနံ့တွေ ပျောက်အောင်ဘယ်လိုလုပ်ရမလဲ? ပိုးကောင်တွေပြေးအောင် ဘယ်လိုလုပ်ရမလဲ? ပရုပ်လုံးဝယ်ရင် အထက်က ပြောတဲ့ ဓာတုနာမည်ပါတာဆိုရင် ဝေးဝေးကရှောင်ပါ။ တချို့ပရုပ်လုံးတွေက ထင်းရှူးသားနဲ့ လုပ်တာရှိတတ်တယ် သုံးလို့ရတယ်။ မြန်မာပြည်မှာ ရှိမယ်မထင်ဘူး။ ထင်းရှူးသားလေး ထည့်ထားတာမျိုး လုပ်လို့ရတယ်။ အကောင်းဆုံးကတော့ သေချာလျှော် နေပူပူမှာ လှန်းလှန်ပေး။ အိတ်လေးတွေနဲ့ သိမ်းပေးရင် ပိုးကောင် မွှားကောင်တွေဝင်ဖို့ ခက်သွားပါပြီ။ တချို့ကြတော့ လေးညှင်းပွင့်လေးတွေ၊ ထင်းရှူးသား သန့်သန့်လေးတွေကို အဝတ်အိတ်လေးထဲ ချုပ်ထည့်ပြီး ဗီရိုထောင့်လေးတွေမှာ ထားကြတယ်။ ဘာပဲဝယ်ဝယ်၊ ဘာပါဝင်လဲဆိုတာ ဖတ်ပါ။ ထုပ်ပိုးထားတာလေး လှတိုင်း အကောင်းစားမဟုတ်ပါ။ ခုပေါ်နေတဲ့ အမွှေးရည်စတာတွေရဲ့ တခုချင်းဆီမှာ ဘာပါသလဲဆိုတာ ဖတ်ကြည့်ပါ။ အထက်ကပြောတဲ့ ဓာတ်တွေပါလားလို့ပါ။ ဒါပေမဲ့ အတုတွေပေါတဲ့ ခေတ်၊ တုမျိုးစုံ ကိုယ်နိုင်ငံဝင်လာနေတဲ့ အချိန်မှာ တော်တော် သတိထားရပါမယ်။
    ဒီမှတ်စုလေး ဖတ်ပြီးချိန်မှာ မိဘတွေစိုးရိမ်ကြမယ်၊ သုံးနေတာ ဘာလုပ်ရမယ် စိတ်ပူမှာပဲ။ ဆက်မသုံးတော့ရင် အကောင်းဆုံးပါ။ ရောဂါ လက္ခဏာ တခုထဲကြည့်ပြီး ပရုပ်လုံးသုံးခဲ့တာကြောင့် တထစ်ချ ပြောမရပါ။ ဆေးရုံ ဆေးခန်းမှာပြသ စစ်ဆေးခံယူပါ။
    Credit-mmlive
    (Zawgyi)
    Credit-mmlive